ကနက်သီရိရွာ၊ သရက်ချောင်းမြို့နယ်
ကနက်သီရိရွာ(အင်္ဂလိပ်: Kanetthiri)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၈၄ ဖြစ်သည်။ ကနက်သီရိ တာတမံသည် အရှည် ပေ ၁၄၅၀၀ ရှိကာ၊ လယ်ဧက ၅၃၀ ကို အကျိုးပြုသည်။ ကနက်သီရိ-ထားဝယ်ကို မှန်လုံကား၊ ဟိုင်းလပ်ကားဖြင့် ပြေးဆွဲသည်။ ရငဲ-ကျွဲမင်းကုန်း-ကနက်သီရိ ကတ္တရာလမ်းသည် ၆ မိုင်ရှည်သည်။ ဈေးရှိသည်။ ကနက်သီရိအထကသည် ဧက ၃၀၀*၃၀၀ ကျယ်ဝန်းပြီး၊ ဆရာ/မ ၄၀ ကျော်၊ ကျောင်းသား/သူ ၁၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ လူမှုရေးနာရေးကူညီမှု အနေဖြင့် င ရပ်ကွက်တွင် မြင့်မြတ်နှလုံးသား သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ထားသည်။ အိမ်ခြေ ၂၀၀ အသုံးပြုသော ရေကန် ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၄၄၉၊ စုစုပေါင်း ၆၆၇၃ ဦးနေထိုင်သည်။
Read article